ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၄၁၂,၅၅၀) ဦး ထိုးနှံပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၄၁၂,၅၅၀) ဦး ထိုးနှံပြီးဖြစ်



MNP - ဩဂုတ်   ၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် စုစုပေါင်း (၄၂၁၅၅၀) ဦး ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။


ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာ၌ ပထမအကြိမ်တွင် (၂၀၆,၇၉၀) ဦး၊ ဒုတိယအကြိမ်တွင် (၁၈၃,၃၃၇) ဦးနှင့် တတိယအကြိမ် (၂၂,၄၂၃) ဦး စုစုပေါင်း (၄၁၂,၅၅၀) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများ ကာကွယ်ဆေးထိုးရန် ကျန်ရှိမှုမရှိရေး မြို့တော်ခန်းမနှင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်တိုက်များ၊ စက်ရုံများနှင့် ရဲရွာ၊ ဖျောက်ဆိပ်ပင်၊ သံရွာ၊ မင်းစု၊ စမာ၊ ဒွေးလှ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးရုံများတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့်    ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)