ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


MNP - သြဂုတ်   ၃


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအတွက် ပြိုင်ပွဲများ ကျင်းပနိုင်ရေး မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများရှိ ဆရာကြီး၊ ဆရာမကြီးနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က အထက(၁) မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက ချောက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှု အနေဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျန်းမာစေကြောင်း အလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် ကျောင်းဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အတန်းအလိုက် ခေါင်းစဉ်များ သတ်မှတ်ခြင်း၊ အမှတ်ပေးရေးအတွက် စံသတ်မှတ်ခြင်းများ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး မူလတန်းအဆင့်တွင် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အထက်တန်း အဆင့်တွင် ပန်းချီ၊ ပိုစတာ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


နှစ်စဉ် သြဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ် (၅)ရပ်ဖြစ်သည့် ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်း အဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)