MNP - ဩဂုတ် ၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲများကို ဇူလိုင်လ ၂၇ ရက်မှ စတင်၍ နမ့်စန် အ-ထ-က ဘောလုံးကွင်းတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက စတင်၍ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
နံနက် ၈နာရီခွဲတွင် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် အထကခွဲ(လေတပ်)ဘောလုံးအသင်းနှင့် အ-ထ-က ခွဲ (၅-ရပ်ကွက်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ပယ်လ်နယ်တီ တွင် အ-ထ-ကခွဲ (၅ - ရပ်ကွက်)အသင်းက ၄ ဂိုး ၃ဂိုးဖြင့် အနိုင်ရခဲ့သည်။
ဆက်လက်၍ ဒုတိယပွဲစဉ်အဖြစ် အထက(ခိုလမ်)အသင်းနှင့် အထက(မြို့မ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အ-ထ-က(ခိုလမ်)အသင်းက ၁၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ်လ ၇ ရက်နေ့ နေ့လည်ပိုင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment