MNP - သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်သိန်းနိုင် က စပါးနှင့်ဆီထွက်သီးနှံများအကြောင်း၊ စပါးစိုက်ပျိုးနည်းစနစ်၊ ပိုးမွှားရောဂါကာကွယ်နည်းနှင့် မျိုးစေ့များအကြောင်းကိုလည်းကောင်း၊ ဒုဦးစီးမှူး ဦးသန်းဌေးကျော် က စပါး၊ ပိုး၊ မျိုးနှင့် ပေါင်းသတ်ဆေးအကြောင်းများကိုလည်းကောင်း၊ စက်မှုလယ်ဦးစီးမှူး ဦးသီဟကျော်စွာ က ဌာနလုပ်ငန်းစဉ်နှင့် လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာစနစ် ပြည့်ဝစွာပြောင်းလဲကျင့်သုံးနိုင်ရေးအတွက်ကို လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဟန်ကိုလတ် က ဆည်မြောင်းတာတမံနှင့် ရေပေးဝေမှုအကြောင်းကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်း က လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများအကြောင်း၊ ကျေးလက်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နီထွန်း က ကျေးရွာချင်းဆက်လမ်း စီမံကိန်းများအကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဝင်းဝင်းမေမှ ငါးသံယံဇာတထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ် ဦးစီးမှူး ဦးကျော်စိုးမိုးက နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်းနှင့် အိမ်ထောင်စုစာရင်းအကြောင်းကိုလည်း အသီးသီးရှင်းလင်းချပြခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များကို သက်ဆိုင်ရာဌာနများက ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment