ကဝမြို့နယ်တွင် အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်နှင့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကဝမြို့နယ်တွင် အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်နှင့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်



MNP - သြဂုတ်   ၅


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အုံးအုံးမြင့်၏ ဦးဆောင်မှုဖြင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပထမပတ်အနေဖြင့် မွေးကင်းစမှ (၆)လအရွယ်ထိ ကလေးသူငယ်များအား မိခင်နို့ရည် တစ်မျိုးတည်းကိုသာ စနစ်တကျ တိုက်ကျွေးကြရန်နှင့် ထို့သို့တိုက်ကျွေးခြင်းဖြင့် မွေးကင်းစမှ (၆)လအရွယ်ရှိ ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်းနှင့် ရောဂါဘယ ကင်းရှင်းနိုင်မည်ဖြစ်ကြောင်းတို့ကို ကလေးမိခင်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)