ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)နှင့် Cash for Work စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)နှင့် Cash for Work စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ




MNP - သြဂုတ်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) နှင့် Cash For Work စီမံကိန်း ကျေးရွာများသို့ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ကျေးလက်နေ ပြည်သူများအနေဖြင့် ငါတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငါတို့ကိုယ်တိုင်လုပ်ဆောင်ရမယ် ငါတို့ကိုယ်တိုင်ထိန်းသိမ်းရမယ် ဆိုတဲ့ စိတ်ဓာတ်မွေးမြူပြီး မိမိတို့ကျေးရွာမှာ ရရှိလာတဲ့ စီမံကိန်းတွေကို စည်းလုံးညီညွတ်စွာနဲ့ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် အဖွင့် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန် ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကျေးရွာ ၁၆ ရွာ အတွက် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)အား ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအဖွဲ့ ဥက္ကဋ္ဌများ အား အသီးသီးပေးအပ်ခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ ၁၆ ရွာမှ ပြည်သူ ထည့်ဝင်ငွေများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် စီပွားရေး ကုစားမှု အစီအစဉ်(CERP) အစီအစဉ်အရ Cash for Work စီမံကိန်း ဆောင်ရွက်မည့် လိန်ကုန်းကျေးရွာအုပ်စု ငါးပြေမကုန်းကျေးရွာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀)အား  Cash for Work စီမံကိန်းကျေးရွာဖွံဖြိုးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌအား ပေးအပ်ခဲ့ပြီး Cash for Work စီမံကိန်းသည် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိပြီး လုပ်အားခ ၅၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း၏ ပြောကြားချက်အရ သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)