MNP ၊ ဩဂုတ် ၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးချုပ်အဖွဲ့နှင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်း ပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်က ၆၆/က စာရင်းရေးသွင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ပန်းခင်းစီမံချက်နှင့် လူဦးရေစာရင်း ပြစုနေမှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ မိုးစပါးစိုက် ပျိုးရေးကိစ္စများ၊ မြေလွတ်မြေရိုင်း၊ စား ကျက်မြေပေါ် တရားမဝင် ကျူးကျော်နေထိုင်မှုများ မရှိစေရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများအား မိမိတို့ဌာနအလိုက် မြို့ နယ်မှ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသော ဌာန အကြီးအကဲများက မြို့နယ်မှပေါင်းစပ် ဆောင်ရွက်ပေးရန်လိုအပ်ချက်များအားတင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မှ လိုအပ်ချက် များအားပေါင်းစပ်ဆွေးနွေးပေးခဲ့
ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment