ဂွမြို့ ဗေဒါ(၂)ဘိနယ်အတွင်း တရားမဝင် သစ်ပုပ်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ ဗေဒါ(၂)ဘိနယ်အတွင်း တရားမဝင် သစ်ပုပ်ခွဲသားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ




MNP ၊ သြဂုတ် ၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သစ်တောဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးငြိမ်းချမ်းနှင့် ဝန်ထမ်းများ၊ ဒုရဲအုပ် မင်းနိုင်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လည်ပိုင်းက ဗေဒါ(၂)ဘိနယ်အတွင်းရှိ တောင်ညိုကြိုးပြင် ကာကွယ်တော၊ အကွက်အမှတ်(၁၅၀) ဒေသအခေါ် ဂွေးချောင်းပေါက်တွင် နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်စဉ် တရားမဝင် သစ်ပုပ်ခွဲသား (၉၅) ချောင်း ၊(၁၁.၈၅၃၆)တန်၊ ဒေသပေါက်ဈေး-၁၄၄၀၀၀၀ ကျပ်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖမ်းဆီးရမိသော သစ်ပုပ်ခွဲသားများအား မြန်မာ့ သစ်လုပ်ငန်း၊ မာလာကွင်း သစ်ဆိပ်သို့ သယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သစ်တောဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)