MNP ၊ သြဂုတ် ၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန ၊မြို့နယ်ဦးစီးမှူးရုံးမှ နိုင်- ၄ ကိုယ်ရေးအချက် အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုရာ၌ တိကျမှန်ကန်သော စာရင်းများ ရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူ ဦးရေစာရင်း( ၆၆/၆)ပုံစံများအား e-IDစနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၉ ရက်နေ့မှ စတင်ကာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဘီးလင်းမြို့နယ် သာသနာ့ဗိမာန်တော်၌ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်း၌ အိမ်ထောင်စုစာရင်း (၅၅၉၅၉) စု ရှိပြီး e-ID စနစ်ဖြင့် software program ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ယနေ့ သြဂုတ်လ ၃ ရက်နေ့အထိ အိမ်ထောင်စု(၈၇၄၅ )စုအား ထည့် သွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း ကျန်ရှိနေသေးသော အိမ်ထောင်စု (၄၇၂၁၄)စု အား သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment