MNP ၊ သြဂုတ် ၄
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး၊မြို့နယ် အဆင့်ပြိုင်ပွဲကို သြဂုတ်လ ၃ ရက် နေ့ နံနက်(၉)နာရီအချိန်က ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက် တန်း ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမျိုးမင်းစိုး က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဒုမြို့နယ်ပညာရေးမှူးဦးအောင်မြင့်ထွန်းမှ ပြိုင်ပွဲများကျင်းပပြုလုပ်သည့်ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြား၍ အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီးဒေါ်သီသီဝင်းမှ ပြိုင်ပွဲစည်းကမ်းများကိုပြောကြားခဲ့သည်။
ဆက်လက်၍ပြိုင်ပွဲများကို ကျင်းပရာအသက်(၁၀)နှစ်မှ(၁၅)နှစ်ထိကျား/မ (အက)ပြိုင်ပွဲ၊အသက်(၁၅)မှ(၂၀)နှစ်ထိ (မ)အကပြိုင်ပွဲ ၊အသက်(၅)နှစ်မှ(၁၀)နှစ်ထိ(မ) ပတ္တလားအတီးပြိုင်ပွဲအသက်(၁၀)နှစ်မှ(၁၅)ထိ(မ)ပတ္တလားပြိုင်ပွဲ ၊အသက်(၁၀)နှစ်မှ(၁၅)နှစ် ထိ(ကျား/မ) စန္ဒရားအတီးပြိုင်ပွဲ၊အသက်(၅)နှစ်မှ (၁၀)နှစ်ထိ (မ )ဆိုင်းဝိုင်းကြီးပြိုင်ပွဲ၊အသက်(၁၀)နှစ်မှ(၁၅)နှစ်ထိ(မ)ဆိုင်းဝိုင်းကြီးပြိုင်ပွဲ၊အသက်(၅)နှစ်မှ(၁၀)နှစ်ထိ(မ)မဟာဂီတပြိုင်ပွဲ၊အသက်(၁၀)နှစ်မှ(၁၅)နှစ်ထိ(မ)မဟာဂီတပြိုင်ပွဲ၊အသက်(၁၅)နှစ်မှ(၂၀)ထိ (ကျား)မဟာဂီတပြိုင်ပွဲ ၊အသက်(၅)နှစ်မှ(၁၀)နှစ်ထိ(ကျား/မ)ကာလပေါ်တေးပြိုင်ပွဲ၊အသက်(၁၀)နှစ်(၁၅)နှစ်ထိကာလ ပေါ်တေး ပြိုင်ပွဲ၊အသက်(၁၅)နှစ်မှ(၂၀)နှစ်ထိ(ကျား/မ )ကာလပေါ်တေးသီချင်းအဆို ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိင်ပွဲများ သို့ ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁) ကျောင်းမှကျောင်းသား၊ကျောင်းသူများမှဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost

No comments:
Post a Comment