ကလိန်အောင်မြို့၌ မွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့၌ မွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

 



MNP - ဩဂုတ်   ၆


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့ နံနက် ၉ နာရီက မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၅)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သဲစုဝိုင်းနှင့် ကျန်းမာရေးဝန်းထမ်းများက လစဉ်ပုံမှန်အဖြစ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှမွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အ‌မြှေးအရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။


သတင်း - ခင်ခင်လဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)