ပဲခူးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - သြဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကား ပြောသည်။ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦ:စီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ပုဂ္ဂလိကမူလတန်းကြိုကျောင်း ခွင့်ပြုမိန့်(၄)ကျောင်းနှင့် သက်တမ်းတိုး(၄)ကျောင်းတို့အား အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့သည်။


"တိုင်းဒေသကြီးအတွင်း မူလတန်းကြိုကျောင်းများအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနပိုင် (၁၂) ကျောင်း၊ ပုဂ္ဂလိကကျောင်း(၇၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုး(၉၀)ကျောင်း၊ စုစုပေါင်း (၁၇၄)ကျောင်းတွင် တက်ရောက်သူ ကလေးသူငယ်အရေအတွက်(၄၅၅၄)ဦးရှိကြောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ တာဝန်ခံကျောင်းအုပ်တစ်ဦးအား တစ်လလျှင် (၅၀၀၀၀/-)၊ သင်ကြားပေးနေသော ဆရာမတစ်ဦးလျှင် တစ်လလျှင် (၃၀၀၀၀/-)ကျပ်အား တစ်နှစ်စာ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း" လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက ပြောကြားသည်။


သတင်း - ကိုတွတ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)