သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့ သည့် တံခွန်စိုက်ဖလားအပ်နှင်းခြင်းနှင့်ဆုရရှိသည့် အားကစားသမားများအား ချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့ သည့် တံခွန်စိုက်ဖလားအပ်နှင်းခြင်းနှင့်ဆုရရှိသည့် အားကစားသမားများအား ချီးမြှင့်ပွဲ ကျင်းပ



MNP - ဩဂုတ်   ၆


မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင်စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့သည့် တံခွန်စိုက်ဖလား အပ်နှံခြင်းနှင့်  ဆုရရှိသည့်အားကစား သမား များအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌက အမှာစကားပြောကြားရာမှာ သရက်ခရိုင် ကိုယ်စားပြု အားကစားသမားများအနေဖြင့် သရက်ခရိုင်ဂုဏ်ဆောင်ပေးနိုင်ခဲ့ တဲ့အတွက် ဝမ်းသာမိပါကြောင်းနှင့် နောင်အားကစားပြိုင်ပွဲများတွင်လည်း အားကစားသမား စိတ်ဓာတ် ကောင်းများဖြင့်အောင်မြင်မှုရအောင် ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်းနှင့် ထူးချွန်အားကစား သမားများကိုလဲ ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးမှာဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး  စစ်တုရင် ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ပေးခဲ့သည်။


ထို့နောက်ဝန်ကြီးချုပ်ဖလား(၅)ခရိုင်စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် တံခွန်စိုက်ဖလားအား အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသူရခိုင်ကျော်နှင့် အသင်းနည်းပြများက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ပေးအပ်ရာ လက်ခံပြီး တံခွန်စိုက်ဆုဖလားအတွက်(၂)သိန်း၊ ရွှေတံဆိပ်ဆုရ ရှိသူအတွက်(၇)သောင်းနှင့် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမား (၅)သောင်း၊ ကြေးတံဆိပ်ဆုရ အားကစားသမားအတွက်(၃)သောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအတွက် (၁)သိန်း((၅)သောင်း ကိုခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများက ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့ကြောင်း  သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)