မိတ္ထီလာမြို့နယ် သဖန်းပင်ရိုးကျေးရွာတွင် ရေသန့်စင်စက်နှင့် ရေသန့်စက်ရုံ တည်ဆောက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ် သဖန်းပင်ရိုးကျေးရွာတွင် ရေသန့်စင်စက်နှင့် ရေသန့်စက်ရုံ တည်ဆောက်နေ



MNP - သြဂုတ်   ၂၆


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ သဖန်းပင်ရိုးကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် ရေသန့်စင်စက်နှင့်ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက်  အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ၂၈.၅ သန်းဖြင့် သဖန်းပင်ရိုး ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Bihope World ကုမ္ပဏီက တာဝန်ယူ၍ အလျား ပေ ၂၀ ၊ အနံ ၁၅ ပေ ရှိ Steel  Structure ရေသန့်စင်စက်ရုံနှင့် 1000 LPH ရေသန့်စင်စက် တည် ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လ ၂၁ ရက်နေ့က ဆောင်ရွက်လျက်ရှိရာ အဆိုပါ ရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများမှာ ယခုလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။


အဆိုပါ ရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးပါက သဖန်းပင်ရိုးကျေးရွာရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း  သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)