ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဇီယျာဆန်(၁)ပြည်လျှင် (၁,၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဇီယျာဆန်(၁)ပြည်လျှင် (၁,၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ

           


MNP - ဩဂုတ်   ၂၄


နွမ်းပါးပြည်သူများ၏ စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၈)ရပ်ကွက်၌ ဇီယျာဆန်(၁)ပြည်လျှင် (၁,၅၀၀) ကျပ်နှုန်းဖြင့် လူ(၁)ယောက်လျှင် ဆန်(၂)ပြည်နှုန်းဖြင့် သွားရောက်ရောင်းချပေးခဲ့သည်။


မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အနေဖြင့် ဆက်လက်၍ ဘိုကလေးမြို့ပေါ် နေရာအနှံ့ မော်တော်ကားဖြင့် လှည့်လည်၍ တစ်ရက်လျှင် ဆန်(၁)တင်းခွဲအိတ် အိတ်(၄၀)နှုန်း ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် ယခုရောင်းချပေးသည့် ဇီယျာဆန်သည် ဘိုကလေးမြို့နယ်ဈေးကွက်အတွင်း (၁)ပြည်လျှင် (၂,၀၀၀)ကျပ်နှုန်း ပေါက်ရောက်ကြောင်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)