ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ် ငါးရွာအုပ်စု၌ မိုးစပါးတစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဧက(၁၀၀)စံပြကွက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ် ငါးရွာအုပ်စု၌ မိုးစပါးတစ်ဧကတင်း (၁၀၀) ထွက်ရှိရေး ဧက(၁၀၀)စံပြကွက်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP - သြဂုတ်   ၂၄


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ညနေ ၄နာရီခွဲ က ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ ငါးရွာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ထားရှိသော တစ်ဧကတင်း(၁၀၀) ထွက်ရှိရေး မိုးစပါးဧက(၁၀၀)စံပြကွက် မြေဩဇာကြဲပက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က ဒေသခံမိုးစပါးစိုက်တောင် သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ခေတ်မီစိုက်ပျိုးနည်းပညာနှင့် အထွက်တိုးစပါးမျိုးများ စနစ်တကျစိုက်ပျိုးခြင်းဖြင့် ယခင်သမရိုးကျစိုက်ပျိုးခြင်း၏ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးတင်း (၈၀)/(၉၀)ခန့် ထွက်ရှိခဲ့သည်ဆိုပါက ယခုတစ်ဧကပျမ်းမျှအထွက်နှုန်း (၁၀၀)ထွက်ရှိလာမည်ဖြစ်၍ တစ်ဧကလျှင် ယခင်ထက် ပျမ်းမျှ (၁၀)တင်း/ တင်း(၂၀)ထိ ပိုမိုတိုးတက်ထွက်ရှိလာမည်ဖြစ်ကာ ဧကများများစိုက်လျှင် အထွက်နှုန်းပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းများ တိုးတက်မြင့်မားလာမှုနှင့်အတူ တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးကဏ္ဍ ဝင်ငွေများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ယင်းသို့ စိုက်ပျိုးရေးကဏ္ဍမှ တောင်သူများဝင်ငွေရရှိမှု မြင့်မားလာရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ စိုက်ပျိုးနည်းပညာဖြင့် စိုက်ဧကများ  ပိုမိုများများတိုးချဲ့စိုက်ပျိုးကြစေလိုကြောင်းဖြင့် တိုက်တွန်း အားပေးစကားပြောကြားကာ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ကြခတ်အုပ်စု၊ ငွေသပြာကျေးရွာ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသာ "ငွေသပြာ ဆိုလာစနစ် စိုက်ပျိုးရေတင်လုပ်ငန်း" အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)