လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အခြေခံဂျပန်ဘာသာစကား သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ အခြေခံဂျပန်ဘာသာစကား သင်တန်းဖွင့်လှစ်



MNP - ဩဂုတ်  ၇


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံဂျပန်ဘာသာစကား သင်တန်း N5 Basic Level Class သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် လူထုအခြေပြုဗဟိုဌာန ဒုတိယထပ်၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းစည်း မျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်း နည်းပြဆရာ ‌ဒေါ်ဝင်းသန္တာက သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး သွားမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားကြသည်။


အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဂျပန်ဘာသာစကားကို သင်ယူလိုသည့် သင်တန်းသား/သူ(၁၀)ဦးတို့ တက်ရောက်လျက်ရှိပြီး ယမန်နေ့မှ စတင်၍ (၃)လကြာ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - ဇော်မင်းလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)