သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်း နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်း နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

 



MNP - ဩဂုတ်   ၂၁


မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်း တောင်မင်းတည်းကျောင်းတွင် ဆောင်ရွက် ခဲ့သည်။


ကျောင်းကျန်းမာရေး သီတင်းပတ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သားဖွားဆရာမ ဒေါ်မြင်မြင့်ဝေက ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေး အတွက်တစ်ကိုယ်ရေသန့်ရှင်း ရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး၊ နည်းစနစ်မှန်သွား တိုက်ခြင်း၊ သန့်ရှင်းသောယင်လုံ အိမ်သာ သုံးစွဲရန်နှင့် မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ အကြောင်းကို ပြောကြားခဲ့သည် ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ အား ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်း၊ KGမှ Grade5 အထိကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ KG ကျောင်းသား/ ကျောင်းသူ(၄၄)ဦးအား သွားတိုက်ဆေးဗူးများ ပေးဝေခဲ့ပြီး တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ် ကတ်များ  ဖြည့်သွင်းပေးခဲ့သည်။


ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဩဂုတ်(၁၅)ရက်မှ (၂၄)ရက်နေ့အထိ သရက်မြို့နယ်အတွင်း အခြေခံ ထက်/လယ်/ မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင်) ကျောင်းများသို့ ကျန်းမာရေး ဝန်ထမ်းများ က သတ်မှတ်ရက်အလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)