မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်








MNP ၊ ဩဂုတ် ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်  ၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေး နှင့် အာဟာရဖွံ့ဖြိုးရေး ရက် သတ္တပတ် လှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီး အတွင်း ကျင်းပ ပြု လုပ် ခဲ့သည်။ 

ရှေးဦးစွာ မောင်တောမြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြား ရာတွင်  အာဟာရဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါပုံကို ပြည်သူ့လူထုမှ ပိုမို သတိပြုမိလာစေပြီး အာဟာရဖွံ့ဖြိုးတိုး တက် ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားစေရေး ၊ လူသားများ အား လုံး အသက်ရှင်သန်ရေး ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေး နှင့် ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးရေးအတွက် နေ့စဉ် စာသုံးသည့် အစား အစာ များသည် သန့်ရှင်းပြီး အာဟာရဓာတ်များ ပြည့်ဝရန် လိုကြောင်း ၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခြေခံကျသည့် ကျောင်း သားလူငယ်များ ကျန်းမာသန်စွမ်းရေးအာဟာရဖွံ့ဖြိုးစေရန် အာဟာရ စောင့်ရှောက်ရေး နှင့် ကျောင်းကျန်းမာရေး လုပ်ငန်း များကို အတူဆောင်ရွက်လိုကြောင်း စသည့်တို့ကို ပြောကြားခဲ့ပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံမှ အာဟာရရက်သတ္တပတ် ကျင်းပပြုလုပ်ရခြင်းများ နှင့် ကျန်းမာရေး လှုပ်ရှားမှု အကြောင်း သိ ကောင်း စရာ များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အာယာရဆိုင်ရာ ဗဟုသုတများကို Video ပြသခြင်း ၊ အာ ဟာရဖွံ့ဖြိုးရေး ရက် သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော ပန်းချီပြိုင်ပွဲ ၊ စာစီစာကုံးပြိုင်ပွဲ တွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများ ၊ ဟင်းချက်ပြိုင်ပွဲ ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်စံပြ မိခင်ပြိုင်ပွဲများမှ  ဆုရရှိသူ များကို မြို့နယ် စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ၊ မြို့နယ်မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ  ဒေါ်ကေသွယ်ခိုင် နှင့် တာဝန်ရှိသူများက  ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြသည်။ 

ယင်းနောက် အသက်(၅)နှစ်နှင့်အောက် ကလေးများအား  မြို့နယ် စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့်  တာဝန်ရှိသူများက ဗီတာမင်အေ နှင့် သံချဆေးတိုက် ကျွေးခဲ့ကြပြီး  အခမ်းအနားသို့ တက်ရောက်လာသူများက ခင်း ကျင်းပြသထားသော အာဟာရအုပ်စုများ ၊ ဆုရပန်းချီများ ၊ စာစီစာကုံးများ ၊ ပညာပေး ပို့စတာများ နှင့် ဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ  ဉာဏ်စမ်းမေးခွန်းများဖြေဆိုပြီး လက်ဆောင်ပစ္စည်းများ နှင့် အသိပညာပေး လက် ကမ်း စာ စောင်များ ကိုလည်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)