မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်



MNP - သြဂုတ်   ၂၄       


မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ သာသနာ့ ဗိမ္မာန်တော်ကြီးတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက်၊ ပဓနနာယက၊ အဘိဓဇမဟာ ရဌဂုရု ဘဒ္ဒန္တအရိယာလင်္ကရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော် ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။


ထို့နာက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယက၊ ဒွိပိဋကဓရ၊ ဒွိပိဋက ကောဝိဒ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ ဧည့်ပရိတ်သက်များက အနုမောဒနာ တရားနာယူ ကြည်ညိုကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကြသည်။


ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများက ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။


အဆိုပါ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော်နှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော် ခြင်းကို ယမန်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရွတ်ဖတ် ပူဇော်သွားမည် ဖြစ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သတင်းသုံးတော်မူနေကြသော ဆရာတော်၊ သံဃာတော် အရှင် သူမြတ်များ၊ သီလရှင်ဆရာကြီးများ ဆွမ်းကွမ်းအခက်အခဲမရှိစေရေး တို့အတွက် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ စေတီယျကျောင်းတိုက်ကြီးရှိ ဓမ္မာရုံတော်ကြီးတွင် မာလာရာမယွန်း ကျောင်းတိုက်၊ မိဂဒါဝုန်ကျောင်းတိုက်၊ ဇေယျဝတီကျောင်းတိုက်၊ ပေပင်ကျောင်းတိုက်၊ စေတီယျကျောင်းတိုက်များရှိ ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာ များအား အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် သာသနာ့ရောင်ခြည် သီလရှင်ကျောင်းတိုက်၊ ဧသုဝတီသီလရှင်ကျောင်းတိုက်၊ ဓမ္မမေဒနီသီလရှင်ကျောင်းတိုက်၊ ဓမ္မေသကသီလရှင်ကျောင်းတိုက်၊ ဧသုဝတီသီလရှင်ကျောင်း တိုက်များမှ သီလရှင်ဆရာကြီးများထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သီလရှင်ဝတ်ရုံများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ဖွယ်ရာများအား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)