မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သို့သွားရောက်ပြီး သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သို့သွားရောက်ပြီး သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြော



MNP ၊ ဩဂုတ် ၁ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပ ညာပေးဟောပြောခြင်း ကို ထမ္မရာဇ်ရပ်ကွက်ရှိ အ.ထ.က(ခွဲ)လ (၃) ကျောင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ဟော ပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲထက်စိုး၊ မြို့နယမီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင် တို့ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများကို  ရေဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များစနစ်တကျဝတ်ဆင် အသုံးပြုတတ်စေ ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်းများပြုလုပ်ပြီးနောက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ လည်း ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ယောက် ရုတ်တရက် ထိခိုက်ဒဏ်ရာရ သွားခြင်း၊ အစာနင်ခြင်းများ၊ အရေးပေါ်ကျန်းမာရေးပြသနာတစ်ခုခုကြောင့် ကြုံရလျှင်ဆေးကု သမှုမခံနိုင်ခင် ကာလ အသက်အန္တရာယ်ရှိတတ် အခြေအနေကို ရှေးဦးပြုစုနည်းဖြင့်လက် တွေ့ သရုပ်ဖော်ပြခြင်း များပြုလုပ်ပြသလျှက်ရှိကြောင်းသိ ရသည်။

ထိုသို့ သဘဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောရာတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦး စီးဌာန၊ မြို့နယ်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေး အန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ  ဆောင်ရန် ရှောင်ရန်အချက်များဖြစ်သည့်  ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသ တိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက် များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန် အချက်များ၊ ရေကြီပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။ 


သတင်း - မြင့်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)