MNP ၊ ဩဂုတ် ၁
မွန်ပြည်နယ်အတွင်း လူဦးရေနှင့် အိမ်ခြေအိမ်ထောင်စုစာရင်း မှန်ကန်စေရေး ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စု စာရင်းပုံစံများအား ဖြည့်သွင်းစိစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/ ၆) အား ဖြည့်သွင်းစိစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ နှင့် သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အဓိကထားဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ရုံးလုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်၊ အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ကြရန်၊ ရုံးနှင့်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အားကစားကဏ္ဏဖွံ့ဖြိုးတက်ရေးတက်ရေးအတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ ကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများစွာ ပေါ်ထွက်လာရေးတို့အတွက် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအပေါ် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစဉ်များအပေါ် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
အဲဒီနောက် ပေါင်မြိုနယ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ်သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများကဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment