MNP - ဩဂုတ် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အမှာစကားပြောကြားပြီး ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက သင်တန်းဖွင့်လှစ်မည့်နေရာအား လုံခြုံရေးနှင့် အုပ်ချုပ် ထောက်ပံ့မှု လွယ်ကူအဆင်ပြေစေရန်နှင့် သင်ကြားမည့် ဘာသာရပ်များပေါ်မူတည်၍ ခရိုင်မီးသတ် ဦးစီးမှူးရုံး၊ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးတို့မှ ဝယ်ယူဖြည့်တင်းထားရှိသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးသုံး ယာဉ်/စက် ပစ္စည်းကိရိယာများနှင့် သင်ထောက်ကူပစ္စည်းကိရိယာများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအနေဖြင့် သရုပ်ပြအသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၀)ဦးကို ဘာသာရပ်(၈) မျိုးဖြင့် ဩဂုတ်(၈)ရက်နေ့မှ (၁၄)ရက်နေ့ထိ ခုနှစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment