ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်



MNP - ဩဂုတ်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတများရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီ အချိန်က အကျော်ကျေးရွာရှိ အကျော်ချောင်းတွင် ကျင်းပခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ချိုဦး အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းအောင်၊ ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က ရေလုပ်သားများအား ငါးမျိုးများ ပေးအပ်ခဲ့ပြီး ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၄၀၀၀၀၀)၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ(၂၀၀၀၀၀)၊ ရွှေဝါငါးကြင်း ငါးသားပေါက် ကောင်ရေ (၁၀၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄၀၀၀၀၀)ကို အကျော်ချောင်း သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)