မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်ထောင်စု/ပြည်နယ်) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက်များနှင့်ပတ်သက်သော ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်ထောင်စု/ပြည်နယ်) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက်များနှင့်ပတ်သက်သော ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - သြဂုတ်   ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် နိုင်ငံပိုင် အခန်း (ပြည်ထောင်စု/ပြည်နယ်) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက် များနှင့်ပတ်သက်သော ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မိုင်းရှူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အေးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည် ထောင်စု/ပြည်နယ်)ငွေလုံးငွေရင်း ရန်ပုံ‌ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုလျာထား အဆိုပြုချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍  တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် နိုင်ငံပိုင်အခန်း(ပြည်ထောင်စု/ပြည်နယ်)ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု လျာထားအဆိုပြုချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့‌ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့် မိုင်းရှူးမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)