MNP - ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘင်ခရာပစ္စည်းများ၊ စာကြည့်တိုက်အတွက် စာအုပ်များ၊ ပရိဘောဂပစ္စည်းများနှင့် အားကစားပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၁) အခြေ ခံပညာအထက်တန်း ကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့်အဖွဲ့အား အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်း ဘင်ခရာအဖွဲ့၊ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် အမှတ် ( ၄ ) အခြေခံပညာအထက်တန်း ကျောင်း ဘင်ခရာအဖွဲ့တို့မှ တစ်ပြိုင်တည်း တီးမှုတ်ခြင်းနှင့် အဖွဲ့လိုက်တီးမှုတ်ခြင်းတို့ဖြင့် ဂုဏ်ပြုခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားကို အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူလေးများက ပြည်မြန်မာ သီချင်းသီဆို၍စတင်ဖွင့်လှစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှအဖွင့်အမှာစကားပြောကြားပြီးမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဘင်ခရာပစ္စည်းများ၊ စာကြည့်တိုက်အတွက် စာအုပ်များ၊ ပရိ ဘောဂပစ္စည်းများနှင့် အားကစားပစ္စည်းများအားအသီးသီးပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းအလိုက် တာဝန်ခံများနှင့် ကျောင်း သား/ကျောင်းသူလေးများက လက်ခံရယူခဲ့ သည်။
ယင်းနောက် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ထားထားစိမ်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရမြန်မာ သီချင်းဖြင့် သီဆိုဖျော် ဖြေတင် ဆက်ခဲ့ကြ ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment