တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

 


 MNP - ဩဂုတ်   ၃၁


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒေသခံတောင်သူများအား    ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် (၁၅၀၀၀၀/-) နှုန်း၊ မြေပဲ၊ နှမ်း၊ စိုက်ပျိုးဧက  တစ်ဧကကို  ငွေကျပ် (၁၀၀၀၀၀/-) နှုန်းဖြင့် (၁၅၉) ဧက စိုက်ပျိုးဧကပေါင်း (၁၅၉) ဧကအတွက်  စုစုပေါင်း  ငွေကျပ် (၁၅၉) သိန်းကို အေးချမ်းသာအုပ်စု၊ အေးချမ်းသာကျေးရွာရှိ တောင်သူ (၂၁) ဦးအား  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။


သတင်း - ကျော်မျိုးနိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)