မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့ရပ်ကွက်၊ သော်တာဓမ္မာရုံ၌ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့ရပ်ကွက်၊ သော်တာဓမ္မာရုံ၌ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ




MNP - ဩဂုတ်   ၃၁

 

မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်းပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊  မန်းသော်တာဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သံလျက်မော်အရှေ့ရပ်ကွက်နေ ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး ဦးမောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်မြဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးနေလင်းအောင်၊ မြို့နယ်ဒု-ပညာရေးမှူး ဦးလွမ်းဇေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးမှူး ဦးရဲမင်းလွင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးဇော်ဇော်ထွန်း၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဒေါ်သက်နှင်းအိ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးဘိုဘိုဟန်၊ မြို့နယ်လျှပ်စစ်ရုံးမှ လိုင်းတာဝန်ခံ ဦးအေးဝင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်း အင်အား (၆၅) ဦးခန့် တက်ရောက်ခဲ့သည်။


ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးမှ  ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ တာဝန်နှင့် ပြည်သူများ၏အခွင့်အရေးများအား ချပြရှင်းလင်းခြင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ပြည်သူများအနေဖြင့် ရပ်ကွက်အတွင်း ဥပဒေနှင့်အညီနေထိုင်နိုင်ရေးနှင့် အမုန်းတရားများဖြစ်ပေါ်စေသည့် စကားများနှင့်ပတ်သက်၍ ရှင်းလင်းချပြခြင်း၊ မြို့နယ် လဝကဦးစီးမှူးမှ နိုင်ငံသားများ၏ ရပိုင်ခွင့်အခွင့်အရေးများဖြစ်သည့် ဥပဒေနှင့်အညီ နိုင်ငံသားတိုင်း မှတ်ပုံတင်ရရှိနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေးတို့အတွက် ချပြရှင်းလင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူးမှ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အရ လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေရေး ဆောင်ရွက်နေသည့် အချက်များအား ချပြရှင်းလင်းခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ (၁) နှစ်အောက်ကလေးများ ကာကွယ်ဆေးထိုးနှံပေးမှု၊ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေး ဆောင်ရွက်ပေးနေမှုများအား ချပြရှင်း လင်းခြင်း၊ ဒု-မြို့နယ်ပညာရေးမှူးမှ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက် စေရေး၊ မိမိတို့ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများအား ကျောင်းသားမိဘများမှ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးစေရေးနှင့် နိုင်ငံတော်မှ အခမဲ့ပညာသင်ကြား‌ပေးနေမှုများအား ချပြရှင်းလင်းခြင်း၊ မြို့နယ်လျှပ်စစ်တာဝန်ခံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ မီတာဘေလ်များပေးဆောင်ရေး ကိစ္စရပ်များအား ချပြရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော ပြည်သူများမှ ရပ်ကွက်အတွင်း မီတာဘေလ်များ မရောက်ရှိသည့်အတွက် မီတာဘေလ်ပေးဆောင်ရန် ခက်ခဲနေမှုများ၊ အကွက်(၄၃၀) မေတ္တာလမ်းတွင် ဓာတ်ကြိုးများနိမ့်ကျနေသဖြင့် ပြန်လည်ပြင်ဆင်ပေးရန်ကိစ္စရပ်များ၊ သင်္ဂဇာချောင်းဘေး လမ်းမီးများမလင်းမှုကိစ္စရပ်များ၊ လမ်း(၉၀)၊ ၄၄×၄၅ လမ်းကြား ရေမြောင်း ပြုလုပ်ပေးစေလိုသည့် ကိစ္စရပ်များ၊ လန်ဒန်ဝင်းဈေးအတွင်း ရေမြောင်းပိတ်ဆို့နေမှုများအား တင်ပြခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများ ဆောင်ရွက်ပေးနိုင်‌စေရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)