MNP - ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦစီးအရာရှိဒေါ်သင်းသင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးက လူငယ်များ တိုးတက် အောင်မြင်ရေး ရည်မှန်းချက်ထား ကြိုးစားကြရန် လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်များသည် နိုင်ငံ၏ အနာဂတ်များဖြစ်ရာ စာတတ်ရုံသာမက ပြင်ပအသိပညာဗဟုသုတများ ပြည့်စုံကြွယ် ဝသည့် ပညာတတ်များဖြစ်ရန် ကြိုးစားကြဖို့လိုကြောင်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေး၊ မျိုးဆက်သစ် လူငယ်များမျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး စသည်ဖြင့်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ဆရာများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment