မိုင်းယုမြို့၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း






MNP - ဩဂုတ်   ၁


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်လိုက်ပြီး မြို့မရပ်ကွက် ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ)နှင့် သံဃာတော် အရှင်သူမြတ်များထံမှ ဧည့်သည်တော်များက ငါးပါး သီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များထံ တက်ရောက်လာကြသော မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်း များနှင့်  လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှဝေကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီး ဆရာတော် သံဃာတော်များအား ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - ကိုကိုနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)