ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 



MNP - သြဂုတ်   ၁


ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ တစ်ရပ်ကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ နဝရတ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးသိမ့်က ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာရပ်အမျိုးမျိုးကို လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ ရည်မှန်းချက်ထားရှိပြီး ကြိုးစားသင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့်အညီ နေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန် သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံများအား အသိပညာပေး ရှင်းလင်းဟောပြောသည်။


ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက လူငယ်နှင့်ခေါင်းဆောင်မှုဆိုင်ရာ သိကောင်းစရာများ၊ နွေရာသီ ကျောင်းပိတ်ရက်ရှည်အတွင်း ဖွင့်လှစ်မည့် အားကစားသင်တန်းများနှင့် လူငယ်များအနေဖြင့် အားကစားထူးချွန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး၊ ထူးချွန်အားကစားသမားကောင်းများ ပေါ်ထွက်လာရန် လူငယ်များ ပြုမှုလေ့ကျင့်ရမည့် နည်းစနစ်ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရ သည်။ 


သတင်း - ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)