MNP - ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းဦးနှင့်ဝန်ထမ်းများက စုရပ် အသီးသီးတွင် အသက် ၂လမှ၁နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းများကို မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်၂လမှ ၁နှစ်ခွဲအောက်ကလေးများအား ပိုလီယိုနှင့်ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ပြင်းထန်တီဘီရောဂါကာကွယ်ဆေး (ဘီစီဂျီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့်ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်) ကာကွယ်ဆေးများကို ပုံမှန်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ အဖြစ်ဆောင်ရွက်လျက်ရှိကြောင်း မိခင်ကလေးကျန်းမာရေးဌာနမှ သိရသည်။
သတင်း - ထွေးငယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment