မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး



MNP - ဩဂုတ်   ၁


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက မင်းလှမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် မြို့နယ်အတွင်းဆောင်ရွက်ပြီးစီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကိုအခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုအပ်လျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ရေးသွင်းရာတွင် အချိန်မီပြီးစီးရေး နှင့်တိကျမှန်ကန်စွာ စာရင်းရေးသွင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


မင်းလှမြို့နယ်အတွင်း၌ အိမ်ထောင်စု(၂၈၃၅၃)စုရှိပြီး၊ ဇူလိုင်လ (၁၈) ရက်နေ့မှစတင်၍ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် စာရင်းရေးသွင်း ခဲ့ရာ ဇူလိုင်(၃၁)ရက်နေ့အထိ အိမ်ထောင်စု(၇၂၁၈)စုအား စာရင်းရေးသွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)