MNP ၊ ဩဂုတ် ၁
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် တက်ချောင်းဝအနီး ပင်လယ်ပြင်၌ သစ်(၂၅)တန်ခန့် တင်ဆောင် လာသော တရားမဝင် သစ်မှောင်ခိုလှေတစ်စီးအား ဇူလိုင် ၃၁ ရက် (၂၁:၃၀)နာရီအချိန်ခန့်က ဖမ်းဆီး ရမိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ငါးမန်းလှေတစ်စီး ၊ ဖိုက်ဘာလှေ တစ်စီးတို့ဖြင့် တာဝန် ထမ်း ဆောင်နေစဉ် တက်ချောင်းဝအနီး ပင်လယ်ပြင်အနီးအရောက်တွင် အရှေ့တောင် မှ အနောက် မြောက်သို့ ခုတ်မောင်းနေသော မသင်္ကာဖွယ် လှေ ၁ တစ်စီးအား တွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ အနောက်မြောက်ဘက်သို့ ခုတ်မောင်း ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ တက်ချောင်းဝအနီး နှစ် နိုင်ငံ ရေပိုင်နက်အနီး၌ စက်လှေပေါ်ပါလာသူ ၅ ဦးတို့သည့် ရေထဲခုန်ချက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက် အတွင်းသို့ ရေကူး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်နေခဲ့သည့် လှေအား စစ်ဆေးရာ တရားဝင်စာရွက်စာတန်း တစ်စုံတစ်ရာမပါရှိသည့် အမည်မရှိ သစ်မှောင်ခိုလှေ(အလျား ၅၆ ပေ ၊ အနံ ၁၈ ပေ ၊ ရေစူး ၄ ပေခန့်) သစ်သားကိုယ်ထည် ၊ HE820 (၆)လုံးထိုး ၊ HP-286 (ဂီယာ ဘောက်စ် နှင့် တွဲ လျက်) သစ်မှောင်ခိုလှေ ၁ စီးနှင့်အတူ ကညင်သစ်ဘေတုံး ဆိုဒ်စုံ(၂၅) တန်ခန့် (ခန့်မှန်း နှင့်အတူ) တရားခံမဲ့ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost



No comments:
Post a Comment