ရွှေပြည်သာကွေ့ ဂတ်စ်ဆိုင်ရှေ့မှ YBS 94 ယာဉ်အား အမျိုးသားတစ်ဦးက ခိုးယူမောင်းပြေး၊ လမ်းတစ်လျှောက်ယာဉ်တိုက်မှုများကြောင့် သုံးဦးသေ၊ နှစ်ဦး ဆေးရုံရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာကွေ့ ဂတ်စ်ဆိုင်ရှေ့မှ YBS 94 ယာဉ်အား အမျိုးသားတစ်ဦးက ခိုးယူမောင်းပြေး၊ လမ်းတစ်လျှောက်ယာဉ်တိုက်မှုများကြောင့် သုံးဦးသေ၊ နှစ်ဦး ဆေးရုံရောက်


MNP ၊ ဩဂုတ် ၂

ယနေ့ ဩဂုတ် ၂ရက် နံနက်အစောပိုင်းက ရွှေပြည်သာကွေ့ဂတ်စ်ဆိုင်ရှေ့၌ ဂတ်စ်ဖြည့်ရန် ရောက်ရှိနေသည့် YBS 94 ယာဉ်အား အမျိုးသားတစ်ဦးက ခိုးယူမောင်းပြေးမှုဖြစ်ပွားခဲ့ကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂ ရက်၊ နံနက် ၃နာရီခွဲအချိန်တွင် YBS 94 မှ ယာဉ်အမှတ် 2P-7221သည် ရွှေပြည်သာကွေ့ CNG ဆိုင်သို gas ဖြည့်ရန် ရောက်ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူက ယာယီကားရပ်ခဲ့ကာ မိမိရှေ့ကားသို သွားရောက်မေးမြန်းနေစဉ် အမည်မသိသူတစ်ဦးမှ ယာဉ်အားမောင်းနှင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ YBS ယာဉ်သည် ခရေပင်လမ်းဆုံဘက်မှ မောင်းလာသော တညင်းကုန်းဈေးကြို Light Truckယာဉ်အား တိုက်မိခဲ့ရာ အသက် ၂၀အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ယာဉ်ပေါ်ပါ လူသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ YBSယာဉ်သည် တညင်းကုန်းလမ်းဆုံမှ ဖော့ကန်ဘက် ဆက်လက်မောင်းပြေးရာ ဂျပန်လမ်း မီးပွိင့်အနီး ထော်လာကျီတစ်စီးနှင့် လမ်းဘေး၌ အိပ်နေသော စိတ်ဝေဒနာသည် အမျိုးသမီးအား ထပ်မံတိုက်မိခဲ့ပြီး အဆိုပါအမျိုးသမီးမှာ နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် YBS ယာဉ်သည် ဂျပန်လမ်းမှတ်တိုင်အနီး လမ်းပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များဝင်တိုက်ကာ ရပ်တန့်သွားရာ ၎င်းယာဉ်မောင်းအား ရပ်ကွက်နေသူများဝိုင်းဝန်းဖမ်းဆီးပြီး အင်းစိန်မြိုမရဲစခန်းသို ပိုဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ သုံးဦးအနက် ကလေးငယ်တစ်ဦးမှာ ဆေးရုံ၌ ထပ်မံသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)