မောင်တောမြို့၌ အခြေခံပညာအထက်တန်းကျောင်း(၄)မိုင်ရှိ ကျောင်းသား/သူများအား အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မောင်တောမြို့၌ အခြေခံပညာအထက်တန်းကျောင်း(၄)မိုင်ရှိ ကျောင်းသား/သူများအား အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး




MNP ၊  ဩဂုတ်  ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူး ရုံးမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင် ကြီးကြပ်၍  မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ဩဂုတ် ၁ ရက် နံနက် ၉ နာရီအချိန်က အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့်  အခြေခံပညာအထက်တန်း (၄)မိုင် ကျောင်းရှိ ကျောင်း သား / သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောမြို့နယ် ရုံး မှ ဝန်ထမ်းများက အဆင့်(၂) ပန်းခင်းစီမံချက်ဖြင့်  ဆောင်ရွက်ခဲ့သော အခြေခံ ပညာ အထက် တန်း ကျောင်း (၄)မိုင် ရှိ ကျောင်းသား (၄၅) ဦး နှင့် ကျောင်းသူ(၅၇)ဦး  စုစုပေါင်းလူဦးရေ (၁၀၂)ဦးအား အသက် (၁၀) နှစ် ပြည့် နှင့် အသက်(၁၈)နှစ်ပြည့်မည့် ကျောင်းသား/သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြု လုပ် ဆောင်ရွက် ထုတ်ပေးခြင်းများကို ကျန်ရှိမှု မရှိစေရေး သက်ဆိုင်ရာ ကျောင်း အုပ် ဆရာကြီး ၊ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ ကွင်း ဆင်း ဆောင်ရွက် ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)