သားနှင့် သမီး ကို ကျောင်းလိုက်ပို့သည့် အုပ်ချုပ်ရေးမှူးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သားနှင့် သမီး ကို ကျောင်းလိုက်ပို့သည့် အုပ်ချုပ်ရေးမှူးအား NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်


MNP ၊ သြဂုတ် ၂

ယနေ့နံနက် ၀၉ ၀၀ ချိန် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပေါင်းကူးဉာဏရပ်ကွက်၊ ဒေါ်ငိုတံတားလမ်း  တွင် သားနှင့် သမီးကို ကျောင်းလိုက်ပို့သည့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်းအား NLD အစွန်းရောက် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


ဝင်းနိုင်ထွန်း ၄၉ နှစ်(အုပ်ချုပ်ရေးမှူး) မ/မ၅၅၃၊ မြဉ္ဇူလမ်း၊ ပေါင်းကူးဉာဏကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသည့် 6D-5286 EQuus အမျိုးစား အနက်ရောင် ယာဉ်ဖြင့် သားဖြစ်သူ ခိုင်ခန့်ကောင်းထက် ၁၃ နှစ်(သတ္တမတန်း)၊သမီးဖြစ်သူ မမြမဉ္ဇူထက် ၁၂ နှစ် (ဆဌမတန်း) အလကခွဲ (၂၆) ကျောင်းသို့ ပို့ဆောင်ရန် မောင်းနှင်စဉ် ဆိုင်ကယ် ၂ စီး ဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမား ၆ဦးက လက်လုပ်ဗုံး ၁ လုပ် ဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီး၊ လူဂါ 9M ကျည် (၅)ချက် ပစ်ခတ်ခံရသဖြင့် ဦးဝင်းနိုင်ထွန်းတွင် ဝဲဘက်လက် ၃ ချက်၊ ဝဲရင်အုံ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ညာဘက် ၁ ချက်၊ နောက်စေ့ ၁ ချက် ထိမှန်ဒဏ်ရာ၊ ဒေါ်ဟေမာလွင် ၄၂ နှစ်တို့ ၂ ဦး မှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ စိစစ်လျှက်ရှိပြီး၊ ယာဉ်အောက်ပိုင်းတွင် မိုင်း ၁ လုံးတွေ့ရှိသဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့အား ဆက်သွယ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)