MNP ၊ ဩဂုတ် ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်၌ အ မှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းပတ် ဝန်းကျင် အား အစုအဖွဲ့များအလိုက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပပြီး ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်စေရန် အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ အမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှတပ်မ တော်သားများ၊ခရိုင်/ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ စုပေါင်း ပါဝင်၍ ကျောင်းပတ်ဝန်း ကျင် ရှိ သစ်ပင် ချုံနွယ်များ ပေါင်းမြက်များအား အစုအဖွဲ့အလိုက် ခုတ်ထွင်ရှင်းလင်းခြင်းများအား စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment