MNP ၊ ဩဂုတ် ၆
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် မြို့သန့်ရှင်းသာယာ လှပရေး၊ပြည်သူအများ စိတ်အေးချမ်းသာစွာ စိတ်ပန်းဖြေ အနားယူနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေးပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီတော်များဝန်းအတွင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက မြက်ပင်၊ခြုံနွယ်များကို ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်း၍ သစ် ကိုင်းသစ်ခက်များခုတ်ထွင်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထွက်ရှိလာသော အမှိုက်များကို စည်ပင် သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းမော် တော်ယာဉ်ဖြင့် စနစ်တကျသယ်ယူဖယ်ရှားခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment