အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) ဘာလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) ဘာလဲ




ယမန်နေ့က မြန်မာအမျိုးသမီးများစောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အား ဥပဒေအရ အမှုဖွင့်အရေးယူကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာအမျိုးသမီးများ စောင့်ထိန်းအပ်သော မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား လူမှုကွန်ရက်တွင် အခကြေးငွေရယူ၍ ဖြန့်ဝေလျက်ရှိသည့် သင်ဇာဝင့်ကျော်(ခ)သင်ဇာနှင့် နန်းမွေစံတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာက စိစစ်ဖော်ထုတ်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


အရေးယူဆောင်ရွက်ရန် စိစစ်ဖော်ထုတ်ချက်များအရ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လခန့်တွင် လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင် နေထိုင်သည့် Mr. Rafal ဦးစီးလုပ်ကိုင်လျက်ရှိသော ညစ်ညမ်း Website ဖြစ်သည့် Exantria Website တွင် အခကြေးငွေရယူ၍ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များအား တင်ရန် Thin Zar Wint Kyaw အမည်ဖြင့် အကောင့်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်ဇာဝင့်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်၍ ၎င်း Website တွင် လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ရရှိသည့်အခကြေးငွေများအား Website မှ ၂၅ ရာခိုင်နှုန်းနှင့် Post တင်သူမှ ၇၅ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့ကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။


အလားတူ နန်းမွေစံသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလခန့်တွင် အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ Mrs. Kumar ၏ ချိတ်ဆက်ပေးမှုအရ Exantria Website ပိုင်ရှင် Mr. Rafal နှင့် ရင်းနှီးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှစ၍ Mr. Rafal ဦးစီးလုပ်ကိုင်ဖွင့်လှစ်ပေးသည့် Onlyfans Website တွင် လိင်အသားပေး ဓာတ်ပုံနှင့်ဗီဒီယိုများအား အခကြေးငွေရယူ၍ Post တင်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Mr. Rafal နှင့် ထပ်မံချိတ်ဆက်ခဲ့ပြီး Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထပ်မံပေးပို့၍ Post တင်ခဲ့ကြောင်း၊ အဆိုပါ Website မှရရှိသည့် အခကြေးငွေများအားPost တင်သူမှ ၇၀ ရာခိုင်နှုန်းနှင့် Website မှ ၃၀ ရာခိုင်နှုန်း ခွဲဝေရရှိ ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။


စိစစ်ချက်များအရ Exantria Website သို့ လိင်အသားပေးဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ အခကြေးငွေရယူကာ လူမှုကွန်ရက်၌ ဖော်ပြနေသူများတွင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့အပြင် အချို့သော လိင်အသားပေးမော်ဒယ်များလည်း ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် မြန်မာအမျိုးသမီးများစောင့်ထိန်းလိုက်နာအပ်သော ဟိရိဩတ္တပ္ပတရားကင်းမဲ့စွာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင်အမြင်သေးစေနိုင်သည့် လိင်အသားပေးဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား အခကြေးငွေရယူ၍ ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ (၂) ဦးကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃(က)အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိ ကြောင်းနှင့် အလားတူ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့်ကိစ္စရပ်မျိုး လုပ်ဆောင်လျက်ရှိသူများအား စိစစ်ဖော်ထုတ်၍ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားခြင်း ဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်၊ နန်းမွေစံ တို့ကို အမှုဖွင့်အရေးယူထားတဲ့ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) ဆိုတာ ဘာလဲ-

ပုဒ်မ (၃၃) မည်သူမဆို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး (၇)နှစ်၊ အများဆုံး (၁၅)နှစ် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် -

(က) နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေးသို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။

လို့ ပြဋ္ဌာန်းထားပါတယ်။

သင်ဇာဝင့်ကျော် နဲ့ နန်းမွေစံတို့ကတော့ ပုဒ်မ ၃၃(က) ပါ အမျိုးသားယဉ်ကျေးမှုနဲ့ စပ်လျဉ်းတဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက် အမှုဖွင့် အရေးယူခံရခြင်း ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံရမှုအပေါ် မြန်မာအမျိုးသမီးများအနေနဲ့  မြန်မာအမျိုးသမီးများစောင့်ထိန်းလိုက်နာအပ်သော ဟိရိဩတ္တပ္ပတရားကင်းမဲ့စွာဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပြီး မြန်မာအမျိုးသမီးများအား ကမ္ဘာ့အလယ်တွင် အထင်အမြင်သေးစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားနိုင်ကြပါစေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)