သဖမ်းဆိပ်ဆည်ထဲက ရွှေမျောတွေကို ဂုပ်သွေးစုပ်နေတဲ့ KIA, PDF ကို ရှင်းနေပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဖမ်းဆိပ်ဆည်ထဲက ရွှေမျောတွေကို ဂုပ်သွေးစုပ်နေတဲ့ KIA, PDF ကို ရှင်းနေပြီလား


MNP ၊ သြဂုတ် ၆

၁၇ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနေရှင်နယ်ပို့စ်အနေနဲ့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေမှာ KIA ၊ PDF အကြမ်းဖက်အဖွဲ့တွေက သဖမ်းဆိပ်ဆည်အတွင်းက ရွှေမျောတွေ၊ ကျွန်းလှမြို့နယ်အတွင်းက ရေနံတွင်းတွေဆီကနေ ဂုပ်သွေးစုပ်ပြီး လက်နက်ခဲယမ်းဖြည့်တင်းနေတဲ့ အခြေအနေကို မေးခွန်းထုတ်ခဲ့ပါတယ်။

နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့က အမြန်ဆုံး ရှင်းလင်းသွားမယ်လို့ ဖြေကြားခဲ့ပေမယ့် သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

ကန့်ဘလူမြို့နယ် အကြမ်းဖက်လှုံ့ဆော်စာမျက်နှာတစ်ခုဖြစ်တဲ့ Infinity Group စာမျက်နှာမှာတော့ ကျွန်းလှမြို့နယ် နောက်ဆုံးရအခြေအနေ လို့ ခေါင်းစဉ်တပ်ပြီး (ဩဂုတ် ၅ ၊ ၂၀၂၂)  ရက်နေ့က အခုလိုရေးသားထားတာကို တွေ့ရပါတယ်။

Infinity Group ရဲ့ ရေးသားဖော်ပြချက်မှာ "ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲသို့ ရောက်ရှိနေသော ခွေးအုပ်စု အင်အား ၁၅၀ ဝန်းကျင်အား မနေ့ ဩဂုတ် ၄ ရက် ညနေ ၅ ၃၀ ဝန်းကျင်က Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် တကြိမ် ယနေ့ ဩဂုတ် ၅ ရက် မနက် ၉ ၃၀ ဝန်းကျင်က Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် တကြိမ် သယ်ယူသွားပါပြီ။ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ဒေသ စစ်ခွေးလမ်းကြောင်း ရှင်းပါပြီ။" လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကျွန်းလှမြို့နယ်အတွင်းက ရေနံတွင်းတွေဟာ လျှံတွင်းအဖြစ် နေ့စဉ် ပီပါ ထောင်ချီပြီး ထွက်ရှိနေပြီး သဖမ်းဆိပ်ဆည်အတွင်းမှာ ရွှေမျောပေါင်း ၅၀၀ ကျော် ရှိနေပါတယ်။ KIA, PDF အကြမ်းဖက်အဖွဲ့တွေက ရေနံတွင်းတွေ၊ ရွှေမျောတွေကနေ နေ့စဉ်သိန်းပေါင်းထောင်ချီပြီး ဂုပ်သွေးစုပ်နေတာဖြစ်လို့ အမြန်ဆုံး ရှင်းလင်းနိုင်မှ အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)