၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်


MNP ၊ ဩဂုတ် ၅

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင် မြင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အဆင့် သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံး ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်ချက်အကောင်းဆုံး ရရှိသည့် အခြေခံပညာကျောင်းများနှင့် မြို့နယ်များအားလည်းကောင်း၊ (၆)ဘာသာ ဂုဏ်ထူးရှင် ၇၈ ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် ၂၁၂ ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် ၃၅၈ ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၅၅၃ ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၉၈၃ ဦးနှင့် (၁)ဘာသာဂုဏ် ထူးရှင် ၄၁၅၃ ဦးတို့အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)