MNP ၊ သြဂုတ် ၅
ထိုင်း- မြန်မာနယ်စပ် စင်ခွန်- မောတောင် ကုန်သွယ်ရေးစခန်းကို သြဂုတ် ၂ ရက်တွင် ပြန်လည်စတင် ဖွင့်လှစ်ခဲ့ရာ ၎င်းနေ့၌ပင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး ဘတ် ၁၀ သန်းအထိ ရှိခဲ့ကြောင်း ပရကျွပ်ခီရီခန်ခရိုင် ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကုန်သွယ်မှုပမာဏသည် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်က ရရှိခဲ့သည့် ကုန်သွယ်မှုတန်ဖိုးနှင့် ညီမျှနေပြီး လက်ရှိကုန်သွယ်မှုပမာဏ နှုန်းထားအတိုင်း နေ့စဉ်ကုန်သွယ်မှုရှိမည်ဆိုပါက ဩဂုတ်လအတွင်း နှစ်ဖက်ကုန်သွယ်မှုတန်ဖိုး ဘတ်သန်း ၁၀၀ အထိ ရောက်ရှိသွားနိုင်ကြောင်း ကုန်သည်များမှ ခန့်မှန်းထားသည်။
နှစ်ဖက်ကုန်သွယ်မှုအတွင်း မြန်မာနိုင်ငံမှ အေးခဲသန့်စင်ထားသည့် ရေထွက်ကုန်ပစ္စည်းတွေကို တင်ပိုခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်းနှင့် ကုန်သွယ်မှု အချိုးအစားအနေဖြင့် မြန်မာဘက်ခြမ်း၌ ပို့ကုန်တင်ပို့မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ထိုင်းနိုင်ငံထံမှ တင်သွင်းပစ္စည်းကုန်သွယ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment