ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်



MNP - သြဂုတ်   ၅


၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးက ကျောင်းသူ/ကျောင်းသားများအား ယနေ့မှစ၍ နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူအသစ်များအနေဖြင့် အင်ဂျင်နီယာပညာရပ် ဖြင့် ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်စေလိုကြောင်း ၊ ထို့ကြောင့် မိမိတို့ သင်ကြားလျက်ရှိသည့် အင်ဂျင်နီယာပညာရပ်ကို အပတ်တကုပ် ကြိုးစားသင်ယူပြီး ထူးချွန်ထက်မြက်သော အင်ဂျင်နီယာကောင်းများ ဖြစ်‌လာအောင် ကြိုးစားကြရန် လိုကြောင်း တိုက် တွန်းအားပေးပြောကြားသည်။


ထို့နောက် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက မောင်မယ်သစ်လွင် ကြိုဆိုပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းစာကို ကြိုးစားသင်ယူပြီး စည်းကမ်းလိုက်နာရေး ရှင်းလင်းပြောကြားကာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဝိုင်းဝန်းကူညီ ခဲ့ကြသည့် ပြည်နယ်ဝန်ကြီးနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ယင်းနောက် စီနီယာကျောင်းသား/ကျောင်းသူကြိုဆိုနှုတ်ဆက်စကား ပြောကြားကြပြီး ပထမနှစ် ကျောင်းသား/ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကာ ပြည်နယ် ဝန်ကြီး၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက မောင်မယ်သစ်လွင် ပထမနှစ် ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖျော်ဖြေ တင်ဆက်မှုနှင့် King & Queen ရွေးချယ်ခြင်းများကို အားပေးကြည့်ရှုခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)