တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့ မိသားစုများမှ လှူဒါန်းသည့် ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့ မိသားစုများမှ လှူဒါန်းသည့် ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲကျင်းပ

 



MNP - သြဂုတ်   ၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့ အကျိုးတော်ဆောင်အဖွဲ့ကြီးမှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျှက်ရှိသော ဝါတွင်းကာလ အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်/မြို့ စည်ပင်သာယာရေးအဖွဲ့မိသားစုမှ လှူဒါန်းသည့်ဝါတွင်းကာလ ‘မဟာသံဃိကဒါန’ အာရုဏ် ဆွမ်းလောင်းလှူပွဲကြီးကို ယနေ့နံနက် ၀၄:၂၀ အချိန်က (ဒေါ်လှယဉ်) ဝိသာခါဓမ္မာရုံ၌ ပြုလုပ်လာခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းညွှန်ကြားရေးမှူး ဦးဘုန်းလွင်နှင့်ဇနီး ဒေါ်ဌေးဌေးတို့မှ ဦးဆောင်၍ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်/မြို့စည်ပင် သာယာရေး အဖွဲ့အရာထမ်းအမှုထမ်းနှင့် ဝန်ထမ်းများပေါင်းစု၍ ပုသိမ်မြို့ပေါ်ရှိ ကျောင်းပေါင်း (၁၃၉) ကျောင်းမှ ဝါဆို ဝါကပ်တော်မူကြသော ကျောင်းတိုက်အသီးသီးမှ ဆရာတော်အရှင်သူမြတ် စုစုပေါင်း (၂၂၉၁) ပါးတို့အား အာရုဏ်ဆွမ်းလောင်း လှူပူဇော်ခဲ့ကြသည်။ အာရုဏ်ဆွမ်းလောင်းလှူ ပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ် ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ပြုလုပ်ရာ ပုသိမ်မြို့၊ ခါတော်မီကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြကာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့်ဇနီး၊ မြို့နယ်/မြို့စည်ပင် သာယာရေးအဖွဲ့ အရာထမ်းများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။


လှူဒါန်းပွဲအပြီးတွင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို အကျိုးတော်ဆောင်အဖွဲ့မှ ပေးအပ်ခဲ့ပြီး ရေစက်ချအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပုသိမ်မြို့၊ စန္ဒါရုံကျောင်းတိုက် ဆရာတော်ကြီးထံမှ ရေစက်ချတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်း ပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်တော်မူခဲ့ကြသည့် ဆရာတော်ကြီး ငါးပါးတို့အား အာရုဏ်ဆွမ်းနှင့် အချိုပွဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနား တက်ရောက်ကြသူများနှင့်ဝေယျာ ဝစ္စလုပ်ကိုင်ပေးခဲ့ကြသော သစ္စာရောင်ခြည်လူမှုရေး အသင်းသား များအား နံနက်စာဖြင့်ဧည့်ခံကျွေး မွေးလှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။


သတင်း -မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)