MNP - သြဂုတ် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ကျေးလက် ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ရှင်ဗွေယန်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သီတာနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ ဘီကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး) ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ရှင်ဗွေယန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment