ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားပြုလုပ်



MNP - ဩဂုတ်  ၅


ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာရှိ တောင်သူဦးဇော်မင်း၊ ကွင်းအမှတ်-၈၁ A၊ ဦးပိုင် အမှတ်-၆/၂ ၊ ဆင်းသုခမျိုးသန့် ထုတ်စိုက်ခင်းတွင် တောင်သူများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


အဆိုပါ သရုပ်ပြပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် ပျိုးထောင်ရလွယ်ကူပြီး ကုန်ကျစရိတ် လျော့ချနိုင်ခြင်း၊ ပျိုးသက်နုနုကို ချက်ချင်းနုတ် ချက်ခြင်းစိုက်ခြင်းဖြစ်၍ ပျိုးပင်ရှင်သန်မှု အားကောင်းခြင်း၊ ကောက်ကွက် ဝင်ဆံမှုကိုချိန်ဆနိုင်ခြင်း၊ ပေါင်းရှင်းကိရိယာကို အသုံးပြု၍ ပေါင်းရှင်း ပြုလုပ်နိုင်ခြင်း၊ အချိန်၊ လုပ်သား သွင်းအားစုများကို စိုက်ခင်းစနစ်များထက် လျှော့ချနိုင်ခြင်းများ အပြင် ကောက်ကွက်ပြည့်မီသဖြင့်အထွက် နှုန်းကောင်းမွန်ခြင်းစသော အကျိုးကျေးဇူးများ ရနိုင်မည့်အပြင် အလုပ်သမား ရှားပါးမှုလျှော့ချနိုင်စေရန်၊ လက်မှုလယ်ယာမှ စက်မှုလယ် ယာစနစ်သို့ တိုးတက်ပြောင်းလဲလာစေရန်၊ တောင်သူဦးကြီးများအကျိုး အမြတ်ရရှိနိုင်စေရန် စသော ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ကွင်းသရုပ်ပြပွဲသို့ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးသန်းအောင်ဆန်း၊ ပုသိမ်ခရိုင်ဆည်မြောင်းဦးစီးဌာနမှူး၊ ပုသိမ်ခရိုင် မြေစာရင်းဦးစီးဌာန ဦးစီးမှူး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စိုက်တိုး မြှင့်အဖွဲ့များ၊ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျေးရွာအုပ်စုများမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအသီးသီးမှ တောင်သူဦးကြီးများ စုစုပေါင်း(၇၅)ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)