ရသေ့တောင်မြို့ မြို့ကျက်သရေဆောင် ရွှေသာ‌လျောင်းဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့ မြို့ကျက်သရေဆောင် ရွှေသာ‌လျောင်းဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွက်ဖတ်ပူဇော်ပွဲ ကျင်းပပြုလုပ်

 



MNP - သြဂုတ်   ၅


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ငါးရံ့မင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့၊ မြို့ကျက်သရေဆောင် ရွှေသာ‌‌လျောင်းဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွက်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


 အခန်းအနားတွင် ကြွရောက်တော်မူသော သံဃာတော်များနှင့် လူပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကိုဖွင့်လှစ်ခြင်း၊ ရောင်ခြယ် တော်ဖွင့်ဂါထာတော်ကို အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော်မှ ရွတ်ဆိုပူဇော်ခြင်း၊ ကြွရောက်လာသည့် လူပရိတ်သတ်များက စေတီယင်္ဂဏ ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ငါးရံ့မင်းပရိတ်တရားတော်အား လာရောက်နာယူရန်အတွက် နတ်၊ဗြဟ္မာများကိုဖိတ်ကြားခြင်း၊ သံဃာတော်များက ငါးရံ့မင်းပရိတ်တော်မြတ်ကို ၉ ကြိမ်ရွတ်ဆိုခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်ကို ဆက်လက်ရွတ်ဆိုပူဇော်ခြင်း၊ စေတီယင်္ဂဏကျောင်းတိုက် ဆရာတော်က မိုးများရွာသွန်းရန် ဆုတောင်းအမွမ်းနှင့် ဘဝသုသဗ္ဗမင်္ဂလံဂါထာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ထံသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ပြုပြုသမျှ ကုသိုလ်ကောင်းမှုတို့အား ရေစက်သွန်းချအမျှဝေခြင်း၊ ဖိတ်ကြားထားသော နတ်ဗြဟ္မာများကို ရတနာဒီပံကျောင်းတိုက်ဆရာတော်မှ ပြန်လည်ပို့ဆောင်ခြင်းနှင့် သာသနဿလောကသ ဂါထာတော်ကို သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့သည်။


ထိုသို့ကျင်းပပြုလုပ်ရခြင်းမှာ မြတ်စွာဘုရားရှင်ဘဝနုစဉ် ငါးရံ့မင်းဘဝ၌ မိုးခေါင်ရေရှားပြီး သတ္တဝါအများဘေးဒုက္ခကြုံတွေ့စဉ် ငါးရံ့မင်း၏သစ္စာတော်ဖြင့် မိုးရွာသွန်းစေခြင်းနှင့် ဘုရားရှင်လက်ထက် မိုးခေါင်သဖြင့် တန်ခိုးတော်ကြောင်း မိုးရွာသွန်းစေခြင်းတို့ကို အကြောင်းပြု၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ထွန်းလင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)