MNP ၊ သြဂုတ် ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် သံတွဲ-ဂွလမ်းပေါ်ရှိ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာအထွက် မိုင်တိုင်အမှတ် (၇၇/၄နှင့်၇၇/၅)ကြားရှိတံတားအမှတ်(၃/၇၈)ရှော်ဖြူတောင်တံတား(၆၀)ပေသည်Transom၊ Stringer၊ သစ်သားကြမ်းခင်းများကြံခိုင်မှုအားနည်း၍ ယာဉ်များ ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်သဖြင့် သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ(၃)ရက်နေ့အထိ နံနက်၀၈၀၀မှ ညနေ၁၈၀၀ထိ ခေတ္တပိတ်၍ စတင်ပြင်ဆင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး ယာဉ်ပိတ်ဆို့မှု မကြန့်ကြာစေရေးနှင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment