MNP ၊ သြဂုတ် ၁
ရခိုင်ပြည်နယ်၊ ဂွမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ မိသားစု များက ယနေ့ နံနက်ပိုင်းက ရွာမရပ်ကွက်ရှိ ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းဆန်တော် များ လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်ကျော် ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း၊အမှုထမ်း ဝန်ထမ်းနှင့် မိသားစုဝင်များက ရွာမရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအတွက် ဆွမ်း ဆန် တော် ၂၄ ပြည်အိတ် ၈အိတ် နှင့် နဝကမ္မအလှူငွေများကို ညောင်ဝိုင်းကျောင်းတိုက် ဆရာတော်ဘုရားထံ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment